မီရှဲနဲ့ မွေးလမှာ အမှတ်တရ Yangon Heritage Trust နဲ့ပူးပေါင်းပြီး လျှောက်သွားခြင်း


မီရှဲနဲ့ မွေးလမှာ အမှတ်တရတစ်ခုခုဖြစ်ချင်တာကြောင့် Yangon Heritage Trust နဲ့ပူးပေါင်းပြီး ရန်ကုန်မြို့ရဲ့ အဆောက်အအုံတွေကို လမ်းလျှောက်လေ့လာတဲ့ ခရီးစဉ်လေးတစ်ခု စီစဉ်ဖြစ်တယ်။ #မီရှဲနဲ့လျှောက်သွားမယ် #walkwithmichelle လို့အမည်ပေးထားတဲ့ ဒီခရီးက အချိန် ၂နာရီခွဲလောက်ကြာအောင် လျှောက်ခဲ့ရတယ်။ ပန်းဆိုးတန်းအောက်ဘလောက် YHT ရုံးကနေ ၂၂လမ်း အနော်ရထာဘလောက်က ဘုံကျောင်းမှာ ဂိတ်ဆုံးတယ်။

အနည်းဆုံး လူသုံးဆယ်၊ အများဆုံး လူငါးဆယ် လို့မှန်းထားပြီး Register ကို ၈၃ယောက်အထိ လက်ခံခဲ့တယ်။ တကယ်တမ်းကြတော့ အယောက်လေးဆယ်ကျော်ပဲရောက်လာတယ်။ မိုးလေးဖွဲဖွဲနဲ့ အိပ်လို့ကောင်းမဲ့နားရက် ဆန်းဒေးလေးကို တကူးတက အချိန်ပေးရောက်လာကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးအထူးပဲတင်ပါတယ်။ တချို့မိတ်ဆွေတွေလည်း အရေးပေါ်ကိစ္စရှိလာလို့ မလာနိုင်ကြောင်းကိုလည်း ပြန်ပြောပေးလို့ကျေးဇူးပါ။ ပြီးတော့ မိုးရေထဲပေမဲ့လည်း သေချာရှင်းပြပေးတဲ့ ကိုသူရိန်၊ ဝိုင်းကူပေးတဲ့ နိုင်ကို၊ ဓာတ်ပုံ ကိုထွန်းမင်းစိုး၊ ဗီဒီယို ကိုမျိူးသန့်၊ အိတ် ထီး ဘောပင် မြေပုံတွေ စီစဉ်ပေးတဲ့ @IDEA COACH အဖွဲ့သားတွေ ကျေးဇူးတင်ပါတယ်။

ခရီးအဆုံးထိပါဝင်နားထောင်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။ ရန်ကုန်သူမီရှဲကိုလည်း ဆက်လက်အားပေးပါလို့ တောင်းဆိုရင်း ခရီးစဉ်အတွင်း အမှတ်တရတွေ မျှဝေလိုက်ပါတယ်။ ကိုယ့်ပုံကို ရှာကြည့်ကြနော် …. နောက်မှ ဗီဒီယိုထပ်တင်ပေးမယ်။

 

 

ချစ်တဲ့
ရန်ကုန်သူမီရှဲ

#yangonthumichelle
#lifestyleblogger
#michellemayshell
#walkwithmichelle
မီရှဲနဲ့လျှောက်သွားမယ်
#YHT

0 likes
Prev post: Cinderella Foto Facial TreatmentNext post: မီရှဲက ဆံပင်ရှည်တော့ ခေါင်းလျှော်ရည် ခဏခဏကုန်တယ်

Related posts

Leave a Reply

Your email address will not be published. Required fields are marked *

14 − seven =

ABOUT ME

Hi, I’m Michelle!

Michelle is one of the few lifestyle Vloggers in Myanmar. She has unique taste in seeing things around her. Tone is young, fresh and narration is personal and also engaging.

She picks topics on how she view common things in different perceptive. Topics are mostly exploring places with histories and stories, how-to beauty and fashion, shopping advice, relationship, travel. randon. challenges, self defense adn women empowerment.

FOLLOW ME
TRAVEL GUIDE

LATEST ON YOUTUBE
FOLLOW ME ON FACEBOOK
Facebook Pagelike Widget