ဘန်ကောက်က စျေးတန်တဲ့ တည်းခိုစရာ

ဘန်ကောက်မှာ ဘယ်လိုချွေတာလဲ ပြောပြခဲ့ပြီးပြီ။ ဒီတစ်ခါတော့ တည်းခဲ့တဲ့ hostel ကို ရွေးဖြစ်တဲ့အကြောင်း ပြောပြမယ်။ ရွေးခဲ့တာကတော့ ရက်ကြာကြာနေနေတဲ့ သူငယ်ချင်းက အဲ့ဒီဟိုတယ်မှာတည်းနေလို့လို့ပဲပြောရမယ်။ ကိုယ်တိုင်ရှာတွေ့တာတော့ မဟုတ်ဘူး။ သူက ဘန်ကောက်ကနေ အွန်လိုင်းရှော့ပင်လုပ်ရင်း ချွေတာရေးအနေနဲ့ အဲ့ဒီပတ်ဝန်းကျင်က hostel မှန်သမျှလိုက်တည်းပြီး အဆင်ပြေဆုံးကိုရွေးနေနေတာ။

Hostel နာမည်က Glur Central Pratunam တဲ့။ မီရှဲတည်းတဲ့ ယောက်ျားလေး မိန်းကလေးအရော နှစ်ယောက်အိပ် တစ်ကန့်ကို တစ်ည ၉ ဒေါ်လာပေးရတယ်။ မိန်းကလေးသီးသန့်၊ ယောက်ျားလေးသီးသန့်က ၁ဝဒေါ်လာ။ တခြားမိသားစုခန်းဘာညာလဲ တော်တော်ကျယ်တယ်။ စျေးကတော့ အဂိုးဒါး၊ ဘိုကင်ဒေါ့ကွန်းကနေ ဝင်ကြည့်လို့ရတယ်။ လူများရင်တော့ အခန်းကျယ်ယူတာ ပိုအဆင်ပြေတယ်။ နှစ်ယောက်လောက်ဆိုရင်တော့ ကုတင်အကန့်ယူတာ သက်သာတယ်။ သူထက်စျေးသက်သာတဲ့နေရာရှိပေမဲ့ သူလောက် မကောင်းလို့ ဒီနေရာမှာမြဲနေတာ လို့တော့ သူငယ်ချင်းပြောတယ်။

နေရာက မြန်မာတွေတည်းနေကြ ပတ်တူနမ်စျေးနဲ့ သုံးလမ်းကျော်ဝေးတယ်။ ပလက်တီနမ်စျေးနဲ့ဆိုလည်း မဝေးဘူး။ ဘူတာနဲ့ဆိုလည်း နှစ်ပြလောက်လေ ျှာက်ရတယ်။ ဝေးလဲမဝေး နီးလဲမနီးဘူး။ ညောင်းနေတဲ့အချိန်ဆိုရင်တော့ အဲ့ဒီအကွာအဝေးက တော်တော်လှမ်းတယ်။ သူက လမ်းမဟုတ်ပဲ ဝင်းနေရာထဲမှာရှိနေတာဆိုတော့ ဆိုင်းဘုတ်ကတော့ ထင်သာမြင်သာမရှိဘူး။ ပုံထဲကနေရာကိုတွေ့ရင်တော့ ရောက်ပါပြီ။

စားစရာဆိုင်တွေကတော့ ပတ်တူနမ်ဘက်ကလောက်မရှိဘူး။ ဒါပေမဲ့ ဝင်းထဲမှာတင် hostelရဲ့ မျက်နှာချင်းဆိုင်မှာ ဟလာလ်ဆိုင်တစ်ဆိုင်ရှိတယ်။ တခြားစားချင်တာ အာရုံရောက်နေတော့ မစားမိဘူး။ စားပြီးရင်လည်း ပြန်ပြောပြပါဦး။ မဟုတ်ရင်လည်း လမ်းထိပ်မှာ ကွေ့တီယိုဆိုင်ရှိတယ်။ စျေးသက်သာတယ်။ အနားမှာလဲ 7/11 ဆိုင် ရှိတယ်။

ကဲ … တကယ်တည်းကြည့်လိုက်ပါပြီ။ ကောင်းတဲ့အချက်က အိပ်ရာသန့်တယ်။ သုံးရက်တစ်ခါလဲပေးတယ်။ အိပ်ရာမှာ လိုက်ကာပါတော့ Privacy ရှိတယ် (တခြား Hostel ဆို စျေးသက်သာပေမဲ့ ညစ်ပတ်ဝ လိုက်ကာမပါဘူးတဲ့)။ ဝိုင်ဖိ်ုင်အလကားရတယ်။ လိုင်းမဆိုး။ ပစ္စည်းထားဖို့ပေးတဲ့ အကန့်လဲ အိတ်ထည့်လို့ရအောင် ကြီးတယ်။

hostel ဖြစ်တဲ့အပြင် လူမျိုးပေါင်းစုံ၊ စရိုက်အစုံနဲ့မို့လို့ နည်းနည်းတော့ သည်းခံရတယ်။ ကိုယ်ကလဲ အနှောင့်အယှက်မဖြစ်အောင်နေပေးရတယ်။ ရေချိူးခန်း အိမ်သာက ဘုံသုံးရတယ်။ ကောင်းတာက ယောက်ျားလေး မိန်းကလေးခွဲထားပြီးမှ ဘုံသုံးရတာဆိုတော့ လွတ်လပ်တယ်။ မိသားစုခန်းတွေဆိုရင်တော့ တွဲပါပြီးသားဆိုတော့ ပူစရာမလိုဘူး

တစ်ခါက Hostel တည်းတုန်းက အိမ်သာရေချိုးခန်း ကျား/မ ရောသုံးရတုန်းကဆို ရေချိုးဖို့တံခါးဖွင့်လိုက်တာ… တံခါးလော့မပိတ်ပဲချိုးနေတဲ့ ဖောရိန်နာဖင်တုံးလုံးကို မြင်ပြီး လန့်ပါပြေးရတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက တံခါးခေါက်ဝင်တာ အကျင့်ပါရော

မကောင်းတဲ့အချက်က check in ချိန်နောက်ကျတယ်။ အခန်းထဲကို သုံးနာရီမှဝင်လို့ရတယ်။ ဒါပေမဲ့ ပစ္စည်းထားလို့ရအောင် နေရာတော့ ပေးတယ်။ ပြီးတော့ လုံးဝ လုံးဝ မကောင်းတာက မနက် ဆယ်နာရီကနေ ညနေ ရနာရီထိ အခန်းထဲ အဲကွန်းမရဘူး။ common room ထဲလဲပိတ်ထားတယ်။ အဲ့ဒီအချိန်အပြင်မသွားရင် ဘဝခါးတာပဲ။ ဘယ်နားနေလို့နေရမှန်းမသိဘူး။

ကျန်တဲ့ကောင်းတဲ့အချက်က နှစ်ယောက်စာ တစ်ရက်ကို ဘတ်လေးရာမှာ မနက်စာပါသေးတယ်။ အံသြဘ။ စီးပွားရေးအရ မြတ်ရောမြတ်ရဲ့လားမသိ။ ဒါပေမဲ့ မနက်စာက မနက်တိုင်းဒီတစ်မျိုးပဲရမယ်။ ပုံထဲသာကြည့်တော့။ family room တည်းတဲ့လူတွေအတွက်က အသားဟင်းပါတာ တစ်ခုခုကျွေးတယ်။ မီရှဲတွေ့တာတော့ ကြက်ပင်စိမ်းနဲ့ထမင်း။ မူစလင်စားလို့ ရမရတော့ မသိဘူး။ ကော်ဖီက ကြိုက်သလောက်သောက်။

တခြားအချက်တွေကတော့ ရေကြိုက်သလောက်ထည့်သောက်လို့ရတယ်။ ဟင်းတွေဝယ်လာရင် သိမ်းလို့ရတယ်။ နွေးပေးတယ်။ ပန်းကန်တွေငှားလို့ရတယ်။ နေရာထိုင်ခင်း သန့်ရှင်းတယ်။

နိုင်ငံတကာကလူတွေလည်းရှိနေတော့ မိတ်ဆွေဖွဲ့လို့ရတယ်။ မီရှဲတွေ့တာက အင်ဒို၊ မလေး၊ ကိုရီးယား၊ ဂျာမန်။ မီရှဲကတော့ စကားပြောရတာ သိပ်မကြိုက်တော့ ဘယ်သူနဲ့မှ မသိခဲ့ဘူး။ ဟီး …

သိပ်ဇီဇာမကြောင်ဘူးဆိုရင်တော့ ဒီနေရာလေးက ဘက်ဂျက်သက်သာပြီး နေပျော်ပါတယ်။ မီရှဲသိသလောက် ပေါ ချောင် ကောင်းတွေ ညွန်းပြီးပြီ … ချစ်ရတဲ့မိတ်ဆွေတွေထဲက သိတဲ့နေရာရှိရင်လည်း ပြောပြပါဦးနော် ….

 

ချစ်တဲ့�
ရန်ကုန်သူမီရှဲ

#yangonthumichelle
#michellemayshell
#lifestyleblogger
#cheaphostalBKK
#hostalinbangkok

8 likes
Prev post: တူရကီကနေ ပြန်ရောက်ပြီမို့ အရင်လို အကြောင်းအရာတွေ Tips တွေ ဗီဒီယိုတွေ ကြောင်းNext post: လမ်းမတော်တန် ဆောင်တိုင်ပွဲ စျေးရောက်ပြီးပြီလား

Related posts

Leave a Reply

Your email address will not be published. Required fields are marked *

three × four =

ABOUT ME

Hi, I’m Michelle!

Michelle is one of the few lifestyle Vloggers in Myanmar. She has unique taste in seeing things around her. Tone is young, fresh and narration is personal and also engaging.

She picks topics on how she view common things in different perceptive. Topics are mostly exploring places with histories and stories, how-to beauty and fashion, shopping advice, relationship, travel. randon. challenges, self defense adn women empowerment.

FOLLOW ME
TRAVEL GUIDE

LATEST ON YOUTUBE
FOLLOW ME ON FACEBOOK
Facebook Pagelike Widget