ပွဲတက်ရာသီ ဘွဲ့ယူရာသီရောက်နေပြီဆိုတော့ မြန်မာဝတ်စုံနဲ့လိုက်တဲ့ လက်ကိုင်အိတ်ရှာရပြီဟုတ်။ မီရှဲ ရှာဖွေတွေ့ရှိ၊ စုံစမ်းမေးမြန်းထားတဲ့ ပြည်တွင်းဖြစ်လက်ကိုင်အိတ်တွေ ရှာရလွယ်အောင် စုပေးလိုက်ပါတယ်။ ရန်ကုန်သူမီရှဲရောင်းတာမဟုတ်သလို အလကားလဲမရပါဘူး။ မေတလက်ဆောင် ရတာလည်း မရှိပါဘူး။ ပွဲတက်ဖို့လိုတဲ့အချိန်ဆို လက်ကိုင်အိတ်ရှာဝယ်ရတာ ခေါင်းစားလို့ ကြိုက်တဲ့အိတ်ဆိုင်တွေမှတ်ထားတာ။
အလွယ်တကူဝင်ကြည့်လို့ရအောင် ပေ့ချ်နာမည်နဲ့တူတူ ပြောပြထားတယ်။ ပုံတွေကတော့ ပေ့ချ်တွေကနေပဲ ကြိုက်တဲ့ပုံတွေပဲ ရွေးသိမ်းထားတာ။ တခြားအိတ်တွေ အများကြီးရှိသေးတယ်။ အလားတူအိတ်ဆိုင်တွေ့ခဲ့ရင်လည်း ညွန်းပါဦး။ အခုတော့ တစ်ပုံချင်းစီကြည့်ကြည့်နော် …
ချစ်တဲ့
ရန်ကုန်သူမီရှဲ …. ❤️
#yangonthumichelle
#michellemayshell
#lifestyleblogger
#madeinmyanmar
#localproducts
#handbags
Leave a Reply